လာလည်တဲ့မိတ်ဆွေအပေါင်းကျန်းမာချမ်းသာကြပါစေ မန္တလေးပိုစ့်ရဲ့ facebookအကောင့် မန္တလေးသတင်းlike pageမှာလည်း သတင်းတွေကိုအချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင် ပြီနော်

Sunday, June 22, 2014

ကလေးငယ်တွေ ဈေးရောင်းခိုင်းသူ မြန်မာနိုင်ငံသား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အဓမ္မ အလုပ်လုပ်ခိုင်းတဲ့ အတွက် အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသား မောင်မြန်ဦး ဆိုသူကို ထိုင်းနိုင်ငံ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွေက ဘန်ကောက်မြို့ Phar Nakhon ဒေသမှာ ဖမ်းဆီးရမိ လိုက်တယ်လို့ ဇွန်လ ၂၁ ရက်နေ့ထုတ် ထိုင်းနိုင်ငံက အဓိက သတင်းဌာနကြီး တွေဖြစ်တဲ့ Bangkok Post နဲ့ The Nation သတင်းစာတွေမှာ ဖော်ပြ ထားပါတယ်။

ဒေသခံတွေက သတင်းပေးပို့တဲ့အတွက် ဘန်ကောက်မြို့က ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ ခေါက်ဆန်လမ်းမှာ တာဝန်ရှိသူတွေက စောင့်ကြည့်စစ်ဆေးတဲ့အခါ မောင်မြန်ဦးက အသက် ၁၅ နှစ်အောက် ကလေးငယ် ၂ ဦးရဲ့ မိခင်ကို ပိုက်ဆံပေးပြီး အဲဒီကလေးတွေကို နှင်းဆီပန်း ရောင်းခိုင်းထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အမည်ဖော်ပြထားခြင်းမရှိတဲ့ ကလေးငယ်တဦးရဲ့အဆိုအရ သူတို့ကို ကျပ် ၅ သောင်းစီနဲ့ သူတို့မိခင်ထံက ၀ယ်ယူလိုက်တာဖြစ်ပြီး တနေ့ကို နှင်းဆီပန်း ၂၄ ခုစီ ရောင်းခိုင်းပြီး ပိုက်ဆံလလည်း တပြားမှ မပေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ပန်း ၂၄ ပွင့် မရောင်းနိုင်ရင် အရိုက်ခံကြရတယ်လို့ ဆိုပါတယ်။
အဲဒီကလေးတွေကို မြန်မာပြည်ကနေ ၀ယ်ယူခဲ့တာဖြစ်ပြီး သူတို့ ပန်းရောင်းလို့ရတဲ့ ၀င်ငွေဟာ တလမှာ ဘတ် ၃ သောင်းစီရှိတယ်လို့ မောင်မြန်ဦးကပြောတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောတာကို ကိုးကားပြီး သတင်းစာမှာ ဖော်ပြထားပါတယ်။

သူ့အနေနဲ့ ကလေးတွေ မိခင်ထံ တလမှာ ကျပ် တသိန်းခွဲစီ ပို့ပေးနေတယ်လို့ ပြောပါတယ်။ မောင်မြန်ဦးကို ဘယ်လို ပြစ်ဒဏ်မျိုး စီရင်မယ်ဆိုတာတော့ မသိရသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)

Friday, June 20, 2014

သမ္မတ ခိုင်းတာမလုပ်သဖြင့် ဦးဆန်းဆင့်ကို အရေးယူခြင်းဖြစ်ဟု ဦးရဲထွဋ်ပြော

နေပြည်တော်၊ ဇွန် ၂၀

 သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှရပ်စဲခြင်း အရေးယူအပြစ်ပေးနိုင်ရန် စစ်ဆေးဆောင်ရွက် လျက်ရှိခြင်းတို့မှာ သမ္မတခိုင်းစေမှုများကို မလုပ်ခဲ့ခြင်း၊ အချို့ကိစ္စများတွင် သမ္မတကိုကျော်လွန်၍ မိမိသဘောအတိုင်းဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမကို ပြောဆိုလိုက်သည်။

“ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်နေသူတွေကြားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့ သံဃတွေကြားထဲမှာပါ နာလည်းမှုလွှဲစေ တဲ့အဖြစ် မျိုးတွေဖြစ်လာတယ်။ တချို့ကိစ္စတွေမှာ သမ္မတကြီးကို ကျော်လွန်ပြီးလုပ်လိုက်တာတွေရှိတယ်။ ဒါကြောင့် မလွှဲမရှောင်သာ အရေးယူလိုက်ရတာပါ” ဟု ၎င်းကပြောသည်။

ယင်းအပြင် “သန္တိသုခ ကိစ္စကလည်း အကြောင်းတစ်ခုပါဝင်ပါတယ်။ သန္တိသုခဖြစ်တဲ့ အချိန်ကစပြီး သမ္မတကြီးက ၀န်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင်၊ ဟိုဘတ်ဒီဘတ် နှစ်ဖတ်အကြားမှာ ၀န်ကြီးအနေနဲ့ရော ဆရာ ဒကာတွေ အနေနဲ့ရော ၀င်ရောက်ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့တယ်” ဟု ဇွန်လ ၂၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော်အစည်းအဝေး ခေတ္တနားချိန် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်

သမ္မတဦးသိန်းစိန်အနေဖြင့် ဦးဆန်းဆင့်အား ယခင်ကတည်းက အကြိမ်ကြိမ် ပြောဆိုဆုံးမပြုပြင်ပေးခဲ့သည် များရှိပါကြောင်း၊ ယခုအချိန်ကပင် နောက်ဆုံးအကြိမ်ဖြစ်သောကြောင့် အရေးယူလိုက်ရခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောခဲ့သည်။

ယင်းအပြင် သမ္မတက ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့စဉ်က အဓိကဆောင်ရွက်ရန် တာဝန်နှစ်ရပ်သတ်မှတ်ပေးခဲ့ကြောင်းလည်း ဦးရဲထွဋ်က ရှင်းပြခဲ့သေးသည်။
ပထမတာဝန်မှာ ဘာသာလေးမျိုးကို တရားဥပဒေနှင့် အညီကူညီစောင့်ရှောက်ရန် ဘာသာများအကြား ညီညွှတ်မျှတအောင် ဆောင်ရွက်ပေးရန်၊ အများစု ကိုယ်ကွယ်နေသည့် ဗုဒ္ဓဘာသာဝင်သံဃတော်များနှင့် သံဃမဟာနယကအဖွဲ့အကြား၊ ပြည်သူများနှင့် သံဃာတော်များအကြား အထင်အမြင်လွှဲမှာမှုများ မဖြစ်ရန်၊ သာသနာတော်ကို ၀ိနည်းတော်နှင့်အညီ အခြေခံဥပဒေက ခွင့်ပြုထားသည့်အတိုင်းအတာနှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန်၊ အဆိုရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးအနေဖြင့် သန့်ရှင်းသော အစိုးရဖြစ်ရေး၊ ကောင်းမွန်သော အုပ်ချူပ်ရေးကို ဆောင်ရွက်ရန်ဟူ၍ ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းပြခဲ့သည်။

“ဒုတိယတာဝန်ကတော့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ရာမှာ မိမိထင်မြင်ယူဆချက်ကို လွှတ်လပ်စွာပြောဆိုခွင့်ရှိတယ်။ သို့သော် အားလုံးဆုံးဖြတ်ပြီးရင်တော့ အဲဒီမှုဝါဒအတိုင်း ပူပေါင်းဆောင်ရွက်ရ မယ်။ ပြီးခဲ့တဲ့ကာလတွေမှာ ဦးဆန်းဆင့်အနေနဲ့ အဲဒီတာဝန်နှစ်ရပ်ကို လုပ်ဆောင်ရာမှာ ချိုယွင်းအားနည်းချက် တွေ အများကြီးရှိခဲ့ပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ယခုကဲသို့ သာသနာရေးဝန်ကြီးအဖြစ် ဦးဆန်းဆင့်၏ ဆောင်ရွက်မှုများတွင် အားနည်းချို့ယွင်းချက်များ ရှိခဲ့သဖြင့် အရေးယူရသည်ဆိုလျှင် မည်သည့်ကိစ္စတွင် မည်သို့ သမ္မတညွှန်ကြားချက်နှင့် ကွဲလွှဲရကြောင်း မည်သည့်ကိစ္စတွင် သမ္မတအား မည်သို့ ကျော်လွန်ဆောင်ရွက်ခဲ့ကြောင်း စသဖြင့် ပြည်သူတို့အား ပွင့်လင်းမြင်သာစွာ ရှင်းပြသင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်တို့က လိုလားလျက်ရှိကြသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲလိုက်ပြီးနောက် အားမခံမရှိသော၊ တစ်သတ်တစ်ကျွန်း အထိ ပြစ်ဒဏ်ကျနိုင်သော အလွဲသုံးမှုဖြင့် အမှုးဖွင့်စစ်ဆေးသည့်ကိစ္စတွင် ၎င်း၏ ကိုယ်ရေးအရာရှိနှင့်အတူ အဆင့်မြင့် အရာရှိကြီးလေးဦးကိုလည်း အပေါင်းအပါအဖြစ် သတ်မှတ်စစ်ဆေးလျက် ရှိကြောင်းသိရသည်။

စိုးသန်းလင်း၊ မောင်သင်တုန်း
Mizzima - News in Burmese

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများအား အခမဲ့ကုသမပေးက တိုင်ကြားနိုင်

  မန္တလေး ပြည်သူ့ ဆေးရုံကြီးတွင် အရေးပေါ် လူနာဌာနသို့ လာရောက်သော လူနာများအား အခမဲ့ ကုသပေး လျက်ရှိပြီး ငွေကြေး တစ်စုံတစ်ရာတောင်းခံလျှင် တိုင်ကြားနိုင်ကြောင်း ဆေးနှင့် လူမှုဆက်ဆံ ရေး အရာရှိ ဦးမင်းလွင်က မဇ္ဈိမကို ပြောသည်။

အရေးပေါ်လူနာဌာနအတွက် ထောက်ပံ့မှု ပေးအပ်ထားရှိခြင်း၊ အခမဲ့ပေးအပ်ထားသော ဆေးများကိုလည်း တရားဝင် အသိပေးကြေညာထားရှိခြင်း၊ မြွေဆိပ်ဖြေဆေးများကိုလည်း အရေးပေါ်အတွက် အခမဲ့ထိုးနှံပေးလျက်ရှိခြင်းနှင့် သက်ဆိုင်ရာစမ်းသပ်စစ်ဆေးမှုများဖြစ်သည့် ဓာတ်မှန်၊ ECG ဆွဲခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးခြင်းများကို အခမဲ့ပေးအပ်ထားရှိခြင်းတို့ကို ပြုလုပ်ထားရှိရာ အဆိုပါကိစ္စရပ်များကို မသိရှိဘဲ ၀န်ထမ်းများက ငွေကြေးတောင်းခံခြင်းများရှိနေသောကြောင့် ယခုကဲ့သို့ ပြည်သူများသိရန် ရည်ရွယ်ခြင်းဖြစ်သည်။

“အရေးပေါ်လူနာဌာနမှာ အထက်ပါ စမ်းသပ်မှုတွေကို အခမဲ့ပေးနေတဲ့ အခမဲ့ပေးမယ့် ဆေးဝါးတွေကို ကြေညာထားပါတယ်။ အဲဒါတွေကို ကြည့်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးနိုင်ပါတယ်။ ဒါတွေကို ကျန်းမာရေးအသုံးစရိတ်ခွဲတမ်း ပေါ်မူတည်ပြီး အခုလိုအခမဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မန္တလေးပြည်သူ့ဆေးရုံတွင် မြွေကိုက်ခံရသည့် လူနာများအားလည်း အခမဲ့မြွေဆိပ်ဖြေဆေးများကို ထိုးပေးလျက်ရှိကြာင်း၊ သို့သော် မြွေဆိပ်ဖြေဆေးမှာ တန်ဖိုးကြီးမားသောကြောင့် အရေးပေါ်လူနာဌာနသို့ လာ ရောက်စဉ်တွင် ထိုးပေးခြင်းမျိုးသာရှိကြောင်း၊ အရေးပေါ်လူနာဌာနမှ ပြင်ပလူနာဌာနသို့ပြောင်းပြီးနောက် ပိုင်းမှ စတင်၍ အခကြေးငွေပေးအပ်ပြီးမှ ထိုးပေးသည်။

“အရေးပေါ်လူနာဌာနက အခမဲ့လုပ် ပေးတာတွေရှိပါတယ်။ ဒါပေမဲ့ ပြင်ပလူနာဌာနကို ပြောင်းရွှေ့သွားလျှင် အခမဲ့ပေးအပ်မယ့် ဆေးဝါးစာရင်းများကို ကြေညာထားရှိပါတယ်။ အဲဒါတွေကိုပဲ အခမဲ့ပေးပါတယ်။ အဲဒါတွေကိုလည်း နားလည်ဖို့လို ပါတယ်။ ဒါကိုနားလည်ခြင်းမရှိဘဲ တိုင်ကြားမှုတွေလည်းရှိလို့ အခုလို ပြောကြားရခြင်းဖြစ်ပါတယ်”ဟု မန်းဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် မန္တလေးပြည်သူ့ဆေးရုံကြီးအတွက် ယခုနှစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာက အသုံးစရိတ်များကို ယခင်နှစ်ထက်ပိုမိုချထားပေးရန် အစီအစဉ်များရှိသဖြင့် လက်ရှိအခမဲ့ပေးအပ်နေသည့်ထက် ပိုမိုလုပ်ဆောင်ပေးရန် စီစဉ်ခြင်းဖြစ်သည်။

“တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေ သိရှိအောင် ပြောကြားပေးတာ ကျေးဇူးတင်ပါတယ်။ ပွင့်လင်းမြင်သာမှုတွေရှိဖို့ လိုအပ်ပါတယ်”ဟု မန္တလေး၊ရွှေဘိုမြို့မှ တောင်သူတစ်ဦးက ပြောသည်။

မျိုးသန့်
Mizzima - News in Burmese

လက်ထပ်ခိုင်းတဲ့ မိန်းမလျာ အသတ်ခံရ

 မိန်းမလျာတစ်ဦးဟာ အိမ်ထောင်ရှိ အမျိုးသား တစ်ယောက်နဲ့ ၁၂ နှစ်ကြာ ရင်းနှီးခဲ့ပြီး သူ့ကိုလက်ထပ်ဖို့ အဲဒီအမျိုးသားကို ပြောဆိုခဲ့တာကြောင့် နှစ်ဦးသား စကားအငြင်းများကြရာမှ လက်လွန်ပြီး အသတ်ခံ ခဲ့ရပါတယ်။

ဇွန်လ ၁၆ရက်နေ့ မွန်းလွဲ ၁နာရီ အချိန်မှာ ကျူးလွန်သူရဲ့ နေအိမ်ကို အသတ်ခံရတဲ့ မိန်းမလျာ ရောက်ရှိလာပြီး သူနဲ့အတူ အပြင်မှာ အအေးသွားသောက်ဖို့ ခေါ်ဆောင်သွားကြောင်း၊ စစ်ကိုင်းတံတားပေါ် သွားရောက် လည်ပတ်ခဲ့ကြကြောင်း၊ စစ်ကိုင်းတံတားကနေ အပြန် အခင်းဖြစ်ရာ နေရာမှာ သူ့ကို ပေါင်းသင်းဖို့နဲ့ အိမ်ရှိဇနီးဖြစ်သူကို ကွာရှင်းဖို့ ပြောဆိုပြီး အဲဒီလို မပြုလုပ်ရင် နေအိမ်ရှိ ဇနီးနဲ့သားကို ပြုစားပြီး သတ်မယ်လို့ ခြိမ်းခြောက်တာကြောင့် နှစ်ဦး အငြင်းပွားခဲ့ကြောင်း၊ မိန်းမလျာက အနားမှာရှိတဲ့ ကျောက်ခဲကို ကောက်ကိုင်ပြီး ရန်မူတာကြောင့် ကျုးလွန်သူက လုယူပြီး မျက်နှာကို လေးချက်ခန့်ထုကာ နေအိမ်ကို ပြန်လာခဲ့ကြောင်း ကျူးလွန်သူက ထွက်ဆိုထားပါတယ်။

ဇွန်လ ၁၈ ရက်နေ့ မှာ သေဆုံးသူရဲ့အလောင်းကို မန္တလေး ကန်ပတ်လမ်း အနောက်ဘက်လမ်းဘေး၊ ယာဉ်တော်ကျေးရွာ၊ ကွင်းအမှတ် (၆၀၆)၊ စစ်ကိုင်း-မန္တလေး လမ်းမှာ နားပြတ်ရှဒဏ်ရာ၊ ဦးခေါင်း ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရပြီး ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မိန်းမလျာတစ်ဦး ဖြစ်တယ်လို့ နယ်မြေရဲတပ်ဖွဲ့ဝင် တွေရဲ့ စုံစမ်းချက်အရ သိရှိရတယ်လို့ အဲဒီ ရဲတပ်ဖွဲ့မှူးရုံးရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။

The Voice Weekly

သက်သေထွက်ဆိုရန် နောက်ကျနေကြောင်းပြောသည့်အတွက် ခေါ်လာသည့် ဒုရဲအုပ်မှ လက်သီးဖြင့်ထိုးသဖြင့် မျက်လုံးတစ်ဖက် ပြင်းထန်စွာဒဏ်ရာရ

မောင်တောာမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့
နယ်ခွဲ နံသာတောင်ရွာနေ ဦးလှသိန်း၊
(၅၃)နှစ်ကို မောင်တောမြို့နယ် တရားရုံး
တွင် သက်သေထွက်ဆိုရန်အတွက် ဒုရဲအုပ်
မှ ခေါ်ယူလာစဉ် လမ်းတွင်ရုံးချိန်နောက်


ကျနေကြောင်း ပြောသည့်အတွက် ခေါ်လာသည့် ဒုရဲအုပ်မှ လက်သီးဖြင့်ထိုးသဖြင့် ၀ဲဖက်မျက်လုံးပြင်းထန်စွာဒဏ်ရာရရှိကာ စစ်တွေမြို့သို့ ဆေးကုသမှုခံယူရန် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံမှ ညွှန်းပို့ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် ကျိန်ကျောင်ရွာမှ မောင်တောမြို့နယ် နံသာတောင်သို့ လာရောက် ကဏန်းရှာဖွေနေသူ တစ်ဦးမှာ ရေနစ်သေဆုံးသွားသည့်အတွက် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဦးလှသိန်းကို သက်သေထွက်ဆိုရန် ဇွန်လ (၁၆) ရက်နေ့က တောင်ပြို လက်ဝဲရဲစခန်းမှ ဒုရဲအုပ် ရဲရင့်မင်းဖြိုးဝေနှင့် တပ်သားနှစ်ဦးတို့မှာ ဆိုင်ကယ်များဖြင့် ခေါ်ယူလာစဉ် ရုံးချိန်းအချိန်မှာ နေ့လည် (၁) နာရီဖြစ်ပြီး၊ လမ်းတွင် ဒုရဲအုပ်နှင့် အပေါင်းအပါများက မကြာခဏနားကာ အရက်သေစာသောက်စားနေသဖြင့် ရုံးချိန်နောက်ကျနေပြီ ဖြစ်ကြောင်း၊

ရုံးချိန်နောက်ကျ၍ နောက်တစ်ရက်ရုံးချိန်ဖြစ်ပါက မောင်တောတွင်နေထိုင်ရန် ငွေကြေးမရှိကြောင်း ပြောကြားရာမှ ဒုရဲအုပ်မှ လက်သီးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ဦးလှသိန်းက ပြောကြားသည်။

ယင်းသို့ လက်သီးဖြင့် အထိုးခံရပြီး မောင်တောမြို့တည်းခိုခန်းတွင်လည်း လည်ပင်းကိုတက်နင်းကာ ပါလာသည့် သေနတ်ဖြင့် ချိန်ကာ “မင်းလိုကောင်ကို သတ်လိုက်လို့ရသည်” ပြောကြားကာ တည်းခိုခန်းမှ အပြင်သို့မထွက်ရန်တားမြစ်ခဲ့ကြောင်း၊

ထိုသူမှ ဆေးလိပ်အောက်ဆင်းဝယ်မည်ဟု ပြောဆို ဒဏ်ရာမှာနာကျင်လာသည့်အတွက် မောင်တောမြို့ပြည်သူ့ဆေးရုံသို့သွားရောက်ပြသရာ ၀ဲဖက်မျက်လုံးအောက်ခမ်းတွင် (၂)ချက် ခြုပ်ရပြီး မျက်လုံးကို စစ်တွေသို့ သွားရောက်ပြသရန် ညွှန်ကြားခဲ့ကြောင်း ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မျက်လုံးဒဏ်ရာရရှိထားသူ ဦးလှသိန်းမှာ ဇွန်လ (၁၉) ရက်နေ့က မောင်တောမြို့နယ် ရခိုင် အမျိုးသားပါတီသို့ တိုင်ကြားစာတစ်စောင်ကို ပေးပို့ထားကြောင်း သိရသည်။

Western Gate Guard

နိုင်ငံသားစိစစ်ရေးကဒ်ပြား ပန်းရောင် ရှိထားသူ ဘင်္ဂလီများကို တရားဝင်နိုင်ငံသား အဖြစ်သတ်မှတ်သွားမည်ဟု လ၀ကညွှန်မှူး ဦးတင်ချေ ဆို

-မြေပုံ၊ ဇွန်လ ၁၉
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်း ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေလုပ်ငန်းအကောင်
အထည်ဖော်မှု တတိယနေ့တွင် နိုင်ငံသားဖြစ်
ခွင့်လျှောက်ထားလာသူ ခိုးဝင်ဘင်္ဂလီ(၁၈၂)


ဦးရှိကြောင်း ညွန်ချုပ်ဦးမောင်မောင်သန်း မှ ပြောဆိုသည်ဟု ဒေသခံများက ဆိုသည်။

လဝကညွန်းမှူးဦးတင်ချယ်၏ ပြောပြချက်အရ ရခိုင်တစ်ပြည်လုံး ၁၉၈၂ ဥပဒေအတိုင်း နိုင်ငံသားလျှောက်ခွင့်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် လာဒ်ထိုး၍ ပိုက်ဆံပေး၍ ခိုင်းယူထာသော မှတ်ပုံတင် ပန်းရောင်(နိုင်)နှင့် သုံးခေါက်ချိုးကိုင်သူများသည် လုံးဝပြန်စစ်ဆေးစရာ မလိုပဲ နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ကြောင်း ယခုစစ်ဆေးသည်မှာ အဖြူကဒ် နှင့် လုံးဝကဒ်မရှိသောသူများလျှောက်ထားမှုကိုသာ မြို့နယ်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးရမည်ဟု ပြောဆိုပါသည်။

မြို့နယ်လူထူအဖွဲ့အစည်းမှ ပန်းရောင်ကဒ်ကိုင်သူများသည် လဒ်ထိုး၍ ကိုင်ထားကြောင်းကို သက်သေ အခိုင်အလုံနှင့်တင်ပြသော်လည်း ညွန်ချုပ်ဦးမောင်မောင်သန်းမှ သူတို့လုပ်ရပ်သည် ရှေ့ကိုသာ သွားမည်၊ ဟိုတုန်းက ကိစ္စရပ်တွေကို နောက်ပြန်လှည့်စစ်ဆေး မည်မဟုတ်ဟု သူ့တပည့် လ၀က များ၏ အတိတ်ကို ဖုန်းကွယ်ပြောဆိုခဲ့ပါသည်။

အကယ်၍ တရားမ၀င်ဟု စွပ်စွဲပြောဆိုသူသည် သက်သေအထောက်အထား၊ ပုဒ်မ မသေချာလျင် ဥပဒေ အတိုင်း အရေးယူခြင်းခံရမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုမှုများကို ပြောဆိုခဲ့ကြောင်းသိရသည်။
အမှန်စင်စစ် မြေပုံမြို့တွင်လွန်ခဲ့သော နှစ်ပေါင်း ၁၀ ခန့်က ကမန်တိုင်းရင်းသူ မကြည်အေးနှင့် ကိုအောင်လွင် ၊ ကိုဦး တို့သုံးဦးသာ ရှိခဲ့ကြောင်းမြို့ခံများက အခိုင်အမာပြောဆိုသော်လည်း လ၀ကမှ လက်ခံခြင်းမရှိကြောင်းသိရသည်။

လ၀ကညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းနှင့် ညွှန်ကြားရေးမှူး ဦးတင်ချေ တို့သည် မနေ့က စိစစ်ရေး အဖွဲ့နှင့်တွေ့ဆုံရာတွင်ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး ခိုးဝင်ဘင်္ဂလီ ၁၈၂ ဦးကို တွေ့ထားပြီးဖြစ်သော်လည်း ပန်းရောင်းကိုင်ဆောင်ထားသော နိုင်ငံသားအဖြစ်အသိအမှတ်ပြုထားသူများကို မည်သို့မျှ ပြန်ပြင်မည် မဟုတ်ကြောင်း၊ ယခင်ပေးထားသော ကဒ်များသည် တရားဝင်ကဒ်များသာဖြစ်သဖြင့် လ၀ကမှ ပေးသင့် ၍ ပေးထားခြင်းသာဖြစ်ကြောင်းလည်း ပြောဆိုသည်ဟုသိရသည်။

နောက်နောင် တရားမ၀င်ဟု ပြောဆိုသူများကို ဥပဒေအရ ရေးယူသွားနိုင်ကြောင်း သူတို့၏ လုပ်ငန်းရပ် များအား လ၀ကသာ သိကြောင်းနှင့် လ၀ကလုပ်ငန်းရပ်များကို အရပ်ဖက်မှ ၀က်ရောက်စွက်ဖက်ခြင်း မပြု ကြရန်လိုအပ်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု သိရပါသည်။

(သတင်း- မောင်တောသား)
Arakan News Media Group

ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ရွာသားအမှု ကျေအေးရန် တပ်ရင်းမှူး ကြိုးပမ်း

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ အစိုးရတပ်ဖွဲ့ဝင်တဦးလက်ချက်ကြောင့် 
ရွာသားတဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး
 သက်ဆိုင်ရာတပ်ရင်းမှူးက ဥပဒေပြင်ပ
ကနေ ကျေအေးဖို့ ကြိုးပမ်းနေတယ်လို့
သက်ဆိုင်ရာ မိသားစုဝင်တွေက ပြောပါတယ်။
မူဆယ်မြို့နဲ့ ၁၂ မိုင်အကွာ နောင်လောဝ်းကျေးရွာအုပ်စု နမ့်စမ့်ဂိုဒေါင်ရွာက အသက် ၄၀ ရွယ် ကချင်အမျိုးသား ဦးဒါရှီဂမ်ဆိုင်း သေဆုံးသွားတာနဲ့ ပတ်သက်ပြီး သူ့ကို သေနတ်နဲ့ ပစ်ခဲ့တဲ့ တပ်မတော်သားကို အရေးမယူဘဲ သက်ဆိုင်ရာ တပ်မမှူးနဲ့ တပ်ရင်းမှူးတွေက ကျေအေးအောင် ကြိုးစားနေတယ်လို့ ယောက်ဖဖြစ်သူ နော်ဂျာ က ပြောပါတယ်။
“မနေ့က နမ့်ခမ်းမှာထိုင်တဲ့ တပ်မ ၈၈ တပ်မမှူးက မိသားစုကို ခေါ်လို့ မိသားစုက သွားတွေ့ပြီးပြီ။ သူကတော့ သူတို့ရဲဘော်ရဲ့စစ်ချက်ကို ပြောပြတယ်။ သူတို့ အရက်အတူတူသောက်ပြီးမှ သေနတ်ထွက်သွားတယ်ပေါ့။ အဲဒီလို ထွက်ဆိုထားတယ် ပြောတယ်။ 
တကယ်တမ်း ကျနော့်ယောက်ဖက ဘီပိုး စီပိုးရှိတဲ့အတွက် အရက်တို့ ဘီယာတို့ မသောက်ဘူး။ အဲဒီလို လိမ်ထားတာ ရှိတယ်ပေါ့။ သူတို့က အသုဘမှာ သုံးဖို့ ငွေ ၅ သိန်း လာပေးတယ်။ ကျနော်တို့ အိမ်သားတွေအနေနဲ့ လက်မခံဘူး။ သူတို့က အုပ်ချုပ်ရေးညံ့လို့ပါလို့ လာတောင်းပန်တယ်။ တရားဥပဒေအရ ရင်ဆိုင်သွားမယ်လို့ စဉ်းစားထားတယ်။”
ကျူးလွန်သူ တပ်သား ၀င်းလှဟာ အစိုးရတပ် တပ်မ ၈၈ က ခလရ ၁၀ လက်အောက်ခံတပ်က ဖြစ်ပြီး ဦးဒါရှီဂမ်ဆိုင်းကို အသုဘချတဲ့ ဇွန် ၁၇ ရက်နေ့က တပ်ရင်းမှူးကိုယ်တိုင် ရောက်လာကာ သူတို့ အုပ်ချုပ်ရေးညံ့လို့ ဖြစ်ရကြောင်း တောင်းပန်ပြီး ငွေသား ကျပ် ၅ သိန်းပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် ကျန်ရစ်သူမိသားစုကတော့ ငွေကို လက်မခံဘဲ တရားဥပဒေအရသာ ဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။
ဦးဒါရှီဂမ်ဆိုင်းနဲ့ ဇနီးဖြစ်သူ မငယ်တို့ဟာ အဲဒီရွာမှာ အိမ်ဆိုင် ဖွင့်ထားပြီး အခင်းဖြစ်တဲ့ ဇွန် ၁၆ ရက် ညနေပိုင်းက အစိုးရတပ်သား ဦးဝင်းလှဆိုသူဟာ အရက်မူးပြီး ဆိုင်ထဲ ၀င်လာခဲ့ကြောင်း၊ ဆိုင်ထဲမှာ အခြားဈေး ၀ယ်လာသူ အမျိုးသမီးတဦးကို ဆဲဆိုတဲ့အပြင် သူတို့ကို ဆိုင်ပိတ်ခိုင်းတဲ့အတွက် စကားအခြေအတင်များပြီး ၀င်းလှက သေနတ်နဲ့ ပစ်တာကြောင့် ဦးဒါရှီဂမ်ဆိုင်းရဲ့ ရင်ဝကို ထိမှန်သေဆုံးခဲ့တာလို့ နော်ဂျာက ဆက်ပြောပါတယ်။
အခင်းဖြစ်ချိန် သူတို့အိမ်နဲ့ မလှမ်းမကမ်းမှာ တပ်ရင်းမှူးရော အခြားတပ်ဖွဲ့ဝင်တွေပါ ရှိနေပေမယ့် ချက်ချင်း ရောက်မလာကြောင်းနဲ့ တပ်သား ၀င်းလှက ထွက်ပြေးသွားပြီး ၁၀ မိနစ်ကြာမှာ ရောက်လာတယ်လို့ သူကဆက်ပြောပါတယ်။
သူ့ကို ဆွေမျိုးနီးစပ်တွေက မူဆယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆရာဝန်ဆေးစစ်ခဲ့ကြောင်း၊ တပ်သားဝင်းလှကို အရေးယူပေးဖို့ မူဆယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး ခုထိ ရဲစခန်းက ဘာမှမပြောသေးဘူးလို့ နော်ဂျာက ဆက်ပြောပါတယ်။
မူဆယ်ရဲစခန်းရဲ့ အရေးယူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။
အဲဒီကျေးရွာအုပ်စုထဲမှာဘဲ လွန်ခဲ့တဲ့လကလည်း အမျိုးသမီးနဲ့ အမျိုးသားတဦး ဆိုင်ကယ်စီးလာရာမှာ အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးဖြစ်သူ သေဆုံးပြီး အမျိုးသားက ခုထိ တရုတ်ဘက်ခြမ်းဆေးရုံမှာ တက်ရောက် ကုသနေရကြောင်း၊ ရွာသားတွေအဖို့ နေ့စဉ် နေထိုင်သွားလာရတာ မလုံခြုံသလို ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာက အပြစ်ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးပြီး ဥပဒေစိုးမိုးကြောင်း ပြသသင့်တယ်လို့ နော်ဂျာက ပြောသွားပါတယ်။
“ဒါက သူတို့မိသားစုရဲ့ ဆန္ဒဘဲဖြစ်တယ်လေ ကျမတို့က ကြေအေးပါလို့ သွားပြောလို့မရဘူး။ ဒါပေမယ့် ရဲစခန်းမှာတော့ တိုင်ချက်ဖွင့်ထားတာပေါ့။”
မူဆယ် နမ့်ခမ်း ဒေသတ၀ိုက်မှာ အစိုးရတပ်ဖွဲ့တွေ အမြဲလိုသွားလာလှုပ်ရှားနေပြီး ဒီလထဲ သေနတ်ပစ်ခံရလို့ သေဆုံးသူ ၂ ဦး ရှိသွားပြီဖြစ်ကြောင်း၊ စစ်တပ်ရဲ့ လုံခြုံရေး လုပ်ဆောင်ချက်တွေ နားမလည်ပေမယ့် ပြည်သူတွေက နစ်နာနေ ရကြောင်း ဒေါ်နန်းငွေငွေက ဖြည့်စွက်ပြောသွားပါတယ်။
DVB (မြန်မာပိုင်း)
 

ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ

နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ
အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်း
ဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်
သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က
 သိရပါတယ်။



သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

“ဥတ္တရသီရိရဲစခန်းက အမှုစစ်ကတော့ ပြောလိုက်တယ်။ ဇွန် ၁၉ ရက်နေ့ နေလယ် ၁၂ နာရီက ဦးဆန်းဆင့်ကို ဒီမှာ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ပြောတယ်။ ကျန်တာတော့ ပြောခွင့်မရှိလို့ မပြောပါဘူးဆိုပြီးတော့ ကျနော့်ကို ပြောတယ်ခင်ဗျ။ မနေ့က ညနေ ၃ နာရီမှာတော့ ပုပ္ဗသီရိမြို့နယ်တရားရုံးမှာ ဦးဆန်းဆင့်ကို ရမန်ယူပြီးတော့ အခု မနက်မှာတော့ ရမည်းသင်းအကျဉ်းထောင်ကို ပို့လိုက်တယ်ခင်ဗျ။ ရမည်းသင်းအကျဉ်းထောင်ပို့ပြီးတော့ စစ်ဆေးနေတယ်လို့လည်း သိရတယ်ခင်ဗျ။ နောက် ဦးဆန်းဆင့်နဲ့ ပတ်သက်တဲ့ မိသားစုတွေကိုလည်း စစ်ဆေးနေတယ်လို့ ပြည်ထဲရေးအသိုင်းအ၀ိုင်းကနေ ကြားရတယ်ခင်ဗျ။”

ဒီစစ်ဆေးမှုနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရ ဦးရဲထွဋ်ကတော့ ဦးဆန်းဆင့်ကို ပြည်ထဲရေးဌာနက အမှုတခုနဲ့ဖွင့်ပြီး စစ်ဆေးနေတယ်ဆိုတာ မှန်ကန်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

ဒီဗွီဘီက အတည်မပြုနိုင်ခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ညပိုင်းက သီးခြားရရှိတဲ့သတင်းအရ ဥတ္တရသီရိရဲစခန်းမှာ ဦးဆန်းဆင့်နဲ့ အပေါင်းပါ ၉ ဦးကို ၂၀၁၄ ခုနှစ် ၆ လပိုင်း ၁၉ ရက်နေ့ ဥတ္တရသီရိမြို့နယ်ရဲစခန်းမှာ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ဥပဒေပုဒ်မ ၄၀၉/၁၀၉နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီအမှုကို အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဌေးလွင်က အမှုဖွင့်ထားပြီး ဦးဆန်းဆင့်ကို အငြိမ်းစားပေးပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီက အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဌေးလွင်ရဲ့ တယ်လီဖုန်း ၀၆၇-၄၃၁၃၇၃ ကို ဆက်သွယ်မေးမြန်းရာမှာ လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဦးဆန်းဆင့်ကို နေပြည်တော်မှာ အမှုဖွင့်ပြီး နောက်တနေ့ ဇွန် ၂၀ ရက်နေ့မှာ သမ္မတက သာသနာရေးဝန်ကြီးတာဝန်ကနေ ရပ်နားကြောင်း လူသိရှင်ကြား ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ သမ္မတရုံး ပြောခွင့်ရ ဦးရဲထွဋ်က ဦးဆန်းဆင့်ကို အရေးယူဆောင်ရွက်လိုက်တာဟာ သန္တိသုခနဲ့ပတ်သက်ပြီး အစိုးရနဲ့ သံဃာတွေအကြားမှာ နားလည်မှု လွဲစေတာကြောင့် ဖြစ်တယ်လို့ ဇွန် ၂၀ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ကို ရောက်ရှိစဉ် သတင်းထောက်တွေကို ပြောပါတယ်။

“၁၉၉၀ ပြည့် သံဃဥပဒေရှိတယ်။ သံဃဥပဒေမှာ သံဃမဟာနာယကအဖွဲ့က တိုင်ကြားလို့ရှိရင် သာသနာရေးဝန်ကြီးဌာနက တာဝန်ယူပြီးတော့ အမှုဖွင့်ပေးရတယ်။ ဒီ သန္တိသုခက ကိတ်စကလည်း အကြောင်းအချက်တခုဖြစ်တယ်။ သန္တိသုခဖြစ်စဉ် စဖြစ်ကတည်းက သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင်၊ တဖက်နဲ့ ဟိုဘက် ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီးအနေနဲ့ရော။ ဆရာ၊ ဒကာအနေနဲ့ရော ၀င်ရောက် ဆောင်ရွက်ပေးဖို့ တာဝန်ပေးခဲ့တယ်။

 ဒါပေမယ့် အဲဒီကိစ္စအပါအ၀င် ကျန်တဲ့ကိစ္စတွေမှာ ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်သူတွေအကြားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှု ဖြစ်စေတယ်။ နောက်ဆုံး အစိုးရနဲ့ သံဃာတွေအကြားမှာပါ နားလည်မှုလွဲစေတဲ့အဖြစ်မျိုးတွေ ဖြစ်စေတယ်။ တချို့ကဆိုရင် သမ္မတကြီးမှာကြားတဲ့ဟာ တွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တဲ့ သဘောတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့က မလွဲမရှောင်သာ အရေးယူလိုက်တာ”လို့ ပြောပါတယ်။

DVB (မြန်မာပိုင်း)

အမျိုးသမီးတဦး ကိုယ်လုံးတီး နေပူစာလှုံမှုကြောင့် ???



အမျိုးသမီးတဦး ကိုယ်တုံးလုံးချွတ်ပြီး တိုက်ခန်းတခုရဲ့ ပြူတင်းပေါက်မှာ နေပူစာ လှုံတာကြောင့် ယာဉ်
မောင်းတွေ မျက်လုံး သူ့ဆီ ပဲ ရောက်ကုန်ကာ ကားတွေ ပိတ်ပြီး ယာဉ်တိုက်မှုတွေတောင် ဖြစ်သွားပါ တယ်။
သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့က အဆောက်အဦးတခုရဲ့ ပြူတင်းပေါက်မှာ နေလောင် အသားအရေ ငတ်လင့်နေတဲ့ အမျိုးသမီးဆီကို ကားလမ်းမဆီက ယာဉ်မောင်းတွေလည်း ကိုယ့်လမ်း ကိုယ် မကြည့်နိုင်
တော့ဘဲ လူတွေက ပြူတင်းပေါက်ကိုပဲ မျက်တောင် မခတ် ပဲ အာရုံစိုက်နေကြတော့ ယာဉ်တိုက်မှုတွေ၊ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ရတာပါလို့ The Mirror သတင်းတပုဒ် က ဆိုပါတယ်။

သတင်းအရ သေချာတာကတော့ အဲဒီ နေ့က ယာဉ်ကြောပိတ်သွားတဲ့ အဲဒီ ကားလမ်းမှာ ယာဉ်မောင်းသူ
တွေ ဟာ ပုရိသတွေဖြစ်မယ် ဆိုတာ ကျိန်းသေ ပြောလို့ရပါလိမ့်မယ်။

ပွဲကြည့်ပရိသတ်တွေထဲက ကိုယ်လုံးတီးနဲ့ နေပူစာ လှုံနေတဲ့ အမျိုးသမီးကို ဓာတ်ပုံတွေ ရိုက်ကြသူတွေ လည်း ရှိကြပါတယ်။ အနောက်နိုင်ငံက လူတွေက သူတို့ အသားအရေကို နေလောင်ခံထားရတဲ့ ညို စိမ့်စိမ့်အရောင်မျိုးကို ပိုင်ဆိုင်ချင်ကြတယ်လို့ စစ်တမ်းတချို့က ဖော်ပြပါတယ်။

အိမ့်သံစဉ် ~