မောင်တောာမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့
နယ်ခွဲ နံသာတောင်ရွာနေ ဦးလှသိန်း၊
(၅၃)နှစ်ကို မောင်တောမြို့နယ် တရားရုံး
တွင် သက်သေထွက်ဆိုရန်အတွက် ဒုရဲအုပ်
မှ ခေါ်ယူလာစဉ် လမ်းတွင်ရုံးချိန်နောက်
ကျနေကြောင်း ပြောသည့်အတွက် ခေါ်လာသည့် ဒုရဲအုပ်မှ လက်သီးဖြင့်ထိုးသဖြင့်
ဝဲဖက်မျက်လုံးပြင်းထန်စွာဒဏ်ရာရရှိကာ စစ်တွေမြို့သို့ ဆေးကုသမှုခံယူရန်
မောင်တောမြို့နယ် ပြည်သူ့ဆေးရုံမှ ညွှန်းပို့ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် ကျိန်ကျောင်ရွာမှ မောင်တောမြို့နယ်
နံသာတောင်သို့ လာရောက် ကဏန်းရှာဖွေနေသူ တစ်ဦးမှာ ရေနစ်သေဆုံးသွားသည့်အတွက်
လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဦးလှသိန်းကို သက်သေထွက်ဆိုရန် ဇွန်လ (၁၆) ရက်နေ့က
တောင်ပြို လက်ဝဲရဲစခန်းမှ ဒုရဲအုပ် ရဲရင့်မင်းဖြိုးဝေနှင့်
တပ်သားနှစ်ဦးတို့မှာ ဆိုင်ကယ်များဖြင့် ခေါ်ယူလာစဉ် ရုံးချိန်းအချိန်မှာ
နေ့လည် (၁) နာရီဖြစ်ပြီး၊ လမ်းတွင် ဒုရဲအုပ်နှင့် အပေါင်းအပါများက
မကြာခဏနားကာ အရက်သေစာသောက်စားနေသဖြင့် ရုံးချိန်နောက်ကျနေပြီ ဖြစ်ကြောင်း၊
ရုံးချိန်နောက်ကျ၍ နောက်တစ်ရက်ရုံးချိန်ဖြစ်ပါက မောင်တောတွင်နေထိုင်ရန်
ငွေကြေးမရှိကြောင်း ပြောကြားရာမှ ဒုရဲအုပ်မှ
လက်သီးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ဦးလှသိန်းက ပြောကြားသည်။
ယင်းသို့ လက်သီးဖြင့် အထိုးခံရပြီး မောင်တောမြို့တည်းခိုခန်းတွင်လည်း
လည်ပင်းကိုတက်နင်းကာ ပါလာသည့် သေနတ်ဖြင့် ချိန်ကာ “မင်းလိုကောင်ကို
သတ်လိုက်လို့ရသည်” ပြောကြားကာ တည်းခိုခန်းမှ
အပြင်သို့မထွက်ရန်တားမြစ်ခဲ့ကြောင်း၊
ထိုသူမှ ဆေးလိပ်အောက်ဆင်းဝယ်မည်ဟု ပြောဆို ဒဏ်ရာမှာနာကျင်လာသည့်အတွက်
မောင်တောမြို့ပြည်သူ့ဆေးရုံသို့သွားရောက်ပြသရာ ၀ဲဖက်မျက်လုံးအောက်ခမ်းတွင်
(၂)ချက် ခြုပ်ရပြီး မျက်လုံးကို စစ်တွေသို့ သွားရောက်ပြသရန်
ညွှန်ကြားခဲ့ကြောင်း ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မျက်လုံးဒဏ်ရာရရှိထားသူ ဦးလှသိန်းမှာ ဇွန်လ (၁၉)
ရက်နေ့က မောင်တောမြို့နယ် ရခိုင် အမျိုးသားပါတီသို့
တိုင်ကြားစာတစ်စောင်ကို ပေးပို့ထားကြောင်း သိရသည်။
Western Gate Guard

No comments:
Post a Comment