နေပြည်တော်၊ ဇွန် ၂၀
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှရပ်စဲခြင်း အရေးယူအပြစ်ပေးနိုင်ရန်
စစ်ဆေးဆောင်ရွက် လျက်ရှိခြင်းတို့မှာ သမ္မတခိုင်းစေမှုများကို
မလုပ်ခဲ့ခြင်း၊ အချို့ကိစ္စများတွင် သမ္မတကိုကျော်လွန်၍
မိမိသဘောအတိုင်းဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သမ္မတ၏
ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမကို ပြောဆိုလိုက်သည်။
“ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်နေသူတွေကြားမှာ
နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့
သံဃတွေကြားထဲမှာပါ နာလည်းမှုလွှဲစေ တဲ့အဖြစ် မျိုးတွေဖြစ်လာတယ်။
တချို့ကိစ္စတွေမှာ သမ္မတကြီးကို ကျော်လွန်ပြီးလုပ်လိုက်တာတွေရှိတယ်။
ဒါကြောင့် မလွှဲမရှောင်သာ အရေးယူလိုက်ရတာပါ” ဟု ၎င်းကပြောသည်။
ယင်းအပြင် “သန္တိသုခ ကိစ္စကလည်း အကြောင်းတစ်ခုပါဝင်ပါတယ်။ သန္တိသုခဖြစ်တဲ့
အချိန်ကစပြီး သမ္မတကြီးက ၀န်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယက အဖွဲ့ရဲ့
ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင်၊
ဟိုဘတ်ဒီဘတ် နှစ်ဖတ်အကြားမှာ ၀န်ကြီးအနေနဲ့ရော ဆရာ ဒကာတွေ အနေနဲ့ရော
ဝင်ရောက်ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့တယ်” ဟု ဇွန်လ ၂၀ ရက်တွင် ကျင်းပသည့်
ပြည်သူ့လွှတ် တော်အစည်းအဝေး ခေတ္တနားချိန် မဇ္ဈိမ၏ မေးမြန်းမှုကို
ဖြေကြားခဲ့ခြင်းဖြစ်သည်
သမ္မတဦးသိန်းစိန်အနေဖြင့် ဦးဆန်းဆင့်အား ယခင်ကတည်းက အကြိမ်ကြိမ်
ပြောဆိုဆုံးမပြုပြင်ပေးခဲ့သည် များရှိပါကြောင်း၊ ယခုအချိန်ကပင်
နောက်ဆုံးအကြိမ်ဖြစ်သောကြောင့် အရေးယူလိုက်ရခြင်းဖြစ်ကြောင်းလည်း
၎င်းကပြောခဲ့သည်။
ယင်းအပြင် သမ္မတက ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့စဉ်က
အဓိကဆောင်ရွက်ရန် တာဝန်နှစ်ရပ်သတ်မှတ်ပေးခဲ့ကြောင်းလည်း ဦးရဲထွဋ်က
ရှင်းပြခဲ့သေးသည်။
ပထမတာဝန်မှာ ဘာသာလေးမျိုးကို တရားဥပဒေနှင့် အညီကူညီစောင့်ရှောက်ရန်
ဘာသာများအကြား ညီညွှတ်မျှတအောင် ဆောင်ရွက်ပေးရန်၊ အများစု ကိုယ်ကွယ်နေသည့်
ဗုဒ္ဓဘာသာဝင်သံဃတော်များနှင့် သံဃမဟာနယကအဖွဲ့အကြား၊ ပြည်သူများနှင့်
သံဃာတော်များအကြား အထင်အမြင်လွှဲမှာမှုများ မဖြစ်ရန်၊ သာသနာတော်ကို
ဝိနည်းတော်နှင့်အညီ အခြေခံဥပဒေက ခွင့်ပြုထားသည့်အတိုင်းအတာနှင့်အညီ
ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန်၊ အဆိုရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးအနေဖြင့်
သန့်ရှင်းသော အစိုးရဖြစ်ရေး၊ ကောင်းမွန်သော အုပ်ချူပ်ရေးကို
ဆောင်ရွက်ရန်ဟူ၍ ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းပြခဲ့သည်။
“ဒုတိယတာဝန်ကတော့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ရာမှာ
မိမိထင်မြင်ယူဆချက်ကို လွှတ်လပ်စွာပြောဆိုခွင့်ရှိတယ်။ သို့သော်
အားလုံးဆုံးဖြတ်ပြီးရင်တော့ အဲဒီမှုဝါဒအတိုင်း ပူပေါင်းဆောင်ရွက်ရ မယ်။
ပြီးခဲ့တဲ့ကာလတွေမှာ ဦးဆန်းဆင့်အနေနဲ့ အဲဒီတာဝန်နှစ်ရပ်ကို လုပ်ဆောင်ရာမှာ
ချိုယွင်းအားနည်းချက် တွေ အများကြီးရှိခဲ့ပါတယ်” ဟုလည်း ၎င်းက ပြောသည်။
ယခုကဲသို့ သာသနာရေးဝန်ကြီးအဖြစ် ဦးဆန်းဆင့်၏ ဆောင်ရွက်မှုများတွင်
အားနည်းချို့ယွင်းချက်များ ရှိခဲ့သဖြင့် အရေးယူရသည်ဆိုလျှင်
မည်သည့်ကိစ္စတွင် မည်သို့ သမ္မတညွှန်ကြားချက်နှင့် ကွဲလွှဲရကြောင်း
မည်သည့်ကိစ္စတွင် သမ္မတအား မည်သို့ ကျော်လွန်ဆောင်ရွက်ခဲ့ကြောင်း စသဖြင့်
ပြည်သူတို့အား ပွင့်လင်းမြင်သာစွာ ရှင်းပြသင့်သည်ဟု
လွှတ်တော်ကိုယ်စားလှယ်တို့က လိုလားလျက်ရှိကြသည်။
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲလိုက်ပြီးနောက်
အားမခံမရှိသော၊ တစ်သတ်တစ်ကျွန်း အထိ ပြစ်ဒဏ်ကျနိုင်သော အလွဲသုံးမှုဖြင့်
အမှုးဖွင့်စစ်ဆေးသည့်ကိစ္စတွင် ၎င်း၏ ကိုယ်ရေးအရာရှိနှင့်အတူ အဆင့်မြင့်
အရာရှိကြီးလေးဦးကိုလည်း အပေါင်းအပါအဖြစ် သတ်မှတ်စစ်ဆေးလျက်
ရှိကြောင်းသိရသည်။
စိုးသန်းလင်း၊ မောင်သင်တုန်း
Mizzima - News in Burmese

hello
ReplyDelete